မနက်မိုးလင်းတာနဲ့ အနားကပ်ပြီးချွဲနေတဲ့ သားသားနဲ့မီးမီးကို အချစ်ပိုနေတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း
ပရိသတ်ကြီးရေ နန်းဖြတ်ဖြိုးသင်းကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာကျရာဇာတ်ကားတွေမှာ ပီပြင်လှတဲ့သရုပ်ဆောင်ချက်များနဲ့အတူ ကျရာဇာတ်ကောင်၊ ဇာတ်ရိုက်မှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်
ပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာပါ။ နန်းမြတ်ဖြိုးသင်းကတော့ လက်ရှိမှာ ကလေးနှစ်ယောက်ကို တစ်ယောက်တည်းအားနဲ့ ပြုစုစောင့်ရှောက်ပြီး မိခင်ကောင်းပီသစွာနေထိုင်နေခဲ့ပါတယ်။ပရိသတ်တွေကတော့ နန်းမြတ်ရဲ့ မိခင်ကောင်းပီသလှတဲ့ စိတ်နဲ့ ရဲရင့်လှတဲ့ စိတ်ဓာတ်တွေကြောင့်
ပရိသတ်တွေကတောင် ချီးကျူးနေခဲ့ကြရပါသေးတယ်။ ပရိသတ်တွေကလည်း နန်းမြတ်နဲ့ သူ့ရဲ့ကလေးတွေကို ချစ်ခင်ကြတာကြောင့် နန်းမြတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မကြာခဏဆိုသလို မိသားစုရဲ့ ပုံလေးတွေကို မျှဝေဖော်ပြပေးလေ့ရှိပါသေးတယ်။
လတ်တလောမှာလည်း နန်းမြတ်က မိုးလင်းတာနဲ့ အနားကပ်ပြီး လာချွဲနေကြတဲ့ သားနဲ့ သမီးရဲ့ ချစ်စရာကောင်းလွန်းလှတဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ပရိသတ်ကြီးရေ နန်းမြတ်တို့ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် နန်းမြတ်တို့သားအမိတွေနဲ့ ပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Be the first to comment