နိုင်ငံရပ်ခြားကို ရောက်နေပေမယ့် ပရိသတ်တွေကိုအမြဲသတိရပြီး လွမ်းနေတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ အဆိုတော် ယုဇန
ပရိသတ်ကြီးရေအဆိုတော် ယုဇနကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျတဲ့ သီချင်းများကို အသံပါဝါ အားကောင်းကောင်းနဲ့ သီဆိုနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမက သွက်လက်ထက်မြတ်ပြီး စကားပြောဆိုရာမှာလည်း ပွင့်ပွင့်လင်းလင်းနဲ့ပြောဆိုတတ်သူတစ်ဦးဖြစ်ပြီး စိတ်သဘောထားပြည့်ဝသူလည်း ဖြစ်ပါတယ်။
ယုဇနရဲ့ သီတင်းကျွတ်ညလေးတစ်ည ဆိုတဲ့ သီချင်းလေးကတော့ ဒီနေ့အချိန်ထိ နားထောင်လို့ ရိုးမသွား တဲ့ သီချင်းလေး တစ်ပုဒ် လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ အဆိုတော် ယုဇနက နိုင်ငံခြားမှာ မိသားစုနဲ့အတူ အခြေချနေတာလည်းဖြစ်ပါတယ်။ ယုဇနက မြန်မာနိုင်ငံကပြည်သူတွေ အတွက်လည်း တတ်နိုင်တဲ့ဘက်က ကူညီပေးနေတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အဆိုတော် ယုဇနက နိုင်ငံရပ်ခြား ရောက်နေပေမယ့် ပရိသတ်တွေကို အမြဲသတိရပြီး လွမ်းနေပါတယ်လို့ ရင်ဖွင့် လာတာလည်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးထဲက သူမရဲ့ပရိတ်သတ်တွေရှိရင်လည်း ယုဇနကို ချစ်ခင်အားပေးနေပါတယ်ဆိုတဲ့ အားပေးစကားလေး ပြောသွားပေးကြပါဦးနော်။
Be the first to comment