သူငယ်ချင်းတွေနဲ့ အတူတူဘောလုံးကန်ပြီးလေ့ကျင့်နေတဲ့ မင်းသမီးဝါဝါ၀င်းရွှေရဲ့မြေးမလေး ဝင့်ဝါပန်းမြတ်သူ
ပရိသတ်ကြီးရေ ဝါဝါဝင်းရွှေကတော့ ပရိသတ်တွေရဲ့ တစ်ခေတ်တစ်ခါက ထိပ်တန်း မင်းသမီးကြီးတစ်လက်အနေနဲ့ကို အောင်မြင်နေခဲ့ပြီး လက်ရှိအချိန်ထိလည်း ဝါရင့် သရုပ်ဆောင်ကြီးတစ်ယောက်အဖြစ်နဲ့ကို ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိနေသေးတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
သရုပ်ဆောင်မင်းသမီးတစ်ယောက်လည်းဖြစ်သလို အမျိုးသမီးဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ဝါဝါဝင်းရွှေကတော့ အနုပညာလောကရဲ့ စွယ်စုံရမင်းသမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေဟာ အသက်အရွယ်တစ်ခုရောက်ရှိနေပြီမို့ အနုပညာအလုပ်တွေကို တော်တော်လေးလျှော့ချလိုက်ပြီဆိုပေမယ့် အရွယ်ကျသွားခြင်းမရှိသေးပဲ မိသားစုကို ဦးဆောင်နေဆဲပဲဖြစ်ပါတယ်။
ပရိသတ်တွေကလည်း ဝါဝါဝင်းရွှေကိုသာမကပဲ သူမရဲ့ သားသမီး၊ မြေးတွေအထိပါ ချစ်ကြတာပဲဖြစ်ပါတယ်။ ဝါဝါ၀င်းရွှေရဲ့မြေးမလေး ဝင့်ဝါပန်းမြတ်သူကတော့ ချစ်စရာအမူအရာလေးတွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားထားပြီးပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင် မင်းသမီးဝါဝါ၀င်းရွှေရဲ့မြေးမလေး ဝင့်ဝါပန်းမြတ်သူက သူငယ်ချင်းတွေနဲ့ အတူတူဘောလုံးကန်လေ့ကျင့်နေတဲ့ အကြောင်းကိုအခုလိုပြောပြထားပါတယ်နော်။မင်းသမီးဝါဝါ၀င်းရွှေရဲ့မြေးမလေး ဝင့်ဝါပန်းမြတ်သူက Happy Time ဆိုပြီးတော့
သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်။ ပရိတ်သတ်ကြီးကလည်း ဖွားဖွားဝါဝါဝင်းရွှေကို ချစ်သလို မြေးမလေးဝင့်ဝါပန်းမြတ်သူကိုလည်း ချစ်ခင်ပေးကြဖို့ ပြောချင်ပါတယ်နော်။
Be the first to comment