ပြည်တွင်းရွှေစျေး တစ်ကျပ်သား (၂၈) သိန်းအောက် ဆင်းပြီ၊ ရွှေကိုင်ထားတဲ့သူတွေ ရွှေသောတဆင်ကြပါနော်
ပြည်တွင်းရွှေစျေး ကျပ် ၂၈ သိန်းအောက် ပြန်ကျလာတယ်လို့ ဒီနေ့နေ့လည် ၁၂ နာရီခွဲအချိန် ရန်ကုန်မြို့ကရွှေဆိုင်တွေရဲ့ စျေးနှုန်းအရ သိရပါတယ်။
ဒီနေ့မနက် ပြင်ပရွှေစျေးကွက်စဖွင့်ချိန်မှာ ၁၆ ပဲရည် တစ်ကျပ်သားကို ၂၈၃၀၀၀၀ ကျပ် နဲ့ စျေးဖွင့်ခဲ့ပြီး နာရီပိုင်းအတွင်း ၇၀၀၀၀ ကျပ်လောက် စျေးကျဆင်းခဲ့ကာ နေ့လည် ၁၂ နာရီခွဲအချိန်မှာတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ၂၇၆၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်လုပ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၀ ရက် နေ့လည် ၁၂ နာရီခွဲအချိန် ရန်ကုန်မြို့က ရွှေဆိုင်တစ်ဆိုင်ရဲ့ ရောင်းစျေးမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ၂၇၆၀၀၀၀ ကျပ် ဖြစ်ပြီး ဆိုင်ပြန်ဝယ်စျေးမှာ ၂၇၁၀၀၀၀ ကျပ် ဖြစ်ကာ ရောင်းစျေးနဲ့ ဝယ်စျေးမှာ ကျပ် ၅၀၀၀၀ ကွာဟနေပါတယ်။
၁၅ ပဲရည်တစ်ကျပ်သားကို ၂၅၉၀၀၀၀ ကျပ် ၀န်းကျင်နဲ့ အရောင်းအဝယ်လုပ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေစျေးကျဆင်းနေတဲ့အပြင် ပြည်တွင်းဒေါ်လာစျေးနှုန်းပါ ကျဆင်းနေပြီး ရွှေတွင်းတွေက တူးဖော်တဲ့ ရွှေတွေ အများကြီး ထွက်ဖို့ရှိတဲ့အတွက် ရွှေစျေးဆက်တိုက်ကျဆင်းမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဗဟိုဘဏ်အနေနဲ့ ရွှေတုံးရွှေခဲများ အရောင်းအဝယ်လုပ်ဆောင်ရာမှာ ဘဏ်စနစ်နဲ့သာ ပေးချေလုပ်ဆောင်ဖို့ ပြောကြားထားပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေအဖွင့်စျေးကတော့ ဗဟိုဘဏ်ဒေါ်လာပေါက်စျေး ၂၁၀၀ နဲ့တွက်ကာ အခေါက်ရွှေတစ်ကျပ်သားကို ၁၉၇၁၀၀၀ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ ရွှေတုံးရွှေခဲ ရောင်းဝယ်မှုတွင် အများစုမှာ သက်ဆိုင်ရာ ရွှေအသင်းများမှတဆင့် ရွှေပြ၊ ငွေပြ ရောင်းဝယ်မှုစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်ပြီး လက်ရှိနိုင်ငံခြားငွေ ပေါက်ဈေးအပေါ်တွက်ချက်ကာ ဈေးနှုန်းသတ်မှတ်ရောင်းဝယ်ကြကြောင်းလည်း သိရသည်။
Be the first to comment