ဟိုတုန်းက မိဂဒါဝုန် အပိုင်း ၃

တရားနားသူများမှာလည်း မိဂဒါဝုန်တောကြီးအတွင်း တောပန်း တောင် ပန်းတွေအကြားမှာ တရားနာနေကြရသကဲ့သို့ ခံစားကြရပေလိမ့်မည်။ မိဂဒါဝုန် ဆိုတာက ရှင်တော်ဗုဒ္ဓရဲ့ ကရုဏာတော် အရိပ်အောက်မှာ သားသမင် တို့ကို ဘေးမဲ့ပေးရာ သီးစုံ ပန်းစုံပေါသည့် မေတ္တာတော်ကြီးပေကိုး။

အဲဒီတုန်းက ကျွန်တော်က ငယ်သေးသမို့ ဘာမှမခံစားတတ်၊ မဏ္ဍပ် ကြီး လှတာပဲ သိသည်၊ ငှက်ပျောခိုင်ကြီးတွေက မှည့်လာတဲ့ ငှက်ပျောသီးတွေ ဖြုတ်စားလို့ ရတာပဲ သိသည်၊ ကိုယ့်ဟာ ကိုယ်တောင် ခေါင်းတုံးလေးနဲ့လား၊ ဘိုကေနဲ့လား၊ ဆံရစ်ဝိုင်းနဲ့လား မမှတ်မိတော့ပါ။

ဖြစ်နိုင်တာကတော့ ခေါင်းတုံး လေး ပြောင်စစလုံချည်ခါးပုံစ တွဲလောင်းကျ၊ အင်္ကျီလက်တို အဖြူပွပွလေးနဲ့ဟု ထင်ပါသည်။ ခုနစ်ရက်တိုင်တိုင် တရားပွဲ ကျင်းပရာ ကျောင်းဝင်းကြီးထဲက စတုဒိသာမဏ္ဍပ်ကို နေ့တိုင်းသွားပြီး ဝက်သားဟင်းနဲ့ ထမင်းစားခဲ့သော်လည်း ဆရာတော်ဘုရားကြီး ဘာတရားတွေ ဟောတော်မူခဲ့သည်ကို မသိပါ။ သစ္စာ လေးပါးနှင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များဖြစ်မည် ထင်ပါသည်။

အဲဒီတုန်းက ကျွန်တော့်အဘိုးတို့ရွာမှာ ငှက်ပျောတစ်ဖီးကို နှစ်ပြားနဲ့ ဝယ်စားမည့်သူ မရှိ၊ ကျွန်တော့်အဘွားမှာ ခြံထွက်အုန်းသီးတွေကို အခြောက်ခံ ပြီး လှောင်ကုန်အဖြစ်နဲ့ ရောင်းတာတောင် ခြောက်လုံးမှ တစ်ကျပ်ပဲ ရသည်။

ကွမ်းသီးဆိုတာကတော့ ရောင်းစားလို့ရတဲ့ ပစ္စည်းမဟုတ်၍ စီးပွားရေးလုပ်ငန်း ထဲ ထည့်စဉ်းစားလို့ရတဲ့ အသီးလည်းမဟုတ်၊ သရက်သီး၊ မရမ်းသီး၊ မာလကာ သီးတွေဆိုတာများ ကျွန်တော်တို့ အိမ်နောက်က အပင်တွေ အောက်မှာ မှည့်ပြီး ကြွေကျနေတာ ဘယ်သူမှ ကောက်စားမည့်သူ မရှိ၍ ညစဉ်လာပြီး အားပေး နေကြသည့် လင်းနို့ကြီးတွေကို ကျေးဇူးတင်နေရတော့သည်။ အဲဒီတုန်းကပဲ ဆိုပါတော့။

ငှက်ပျောသီး၊ အုန်းသီးနှင့် ကွမ်းသီးတွေဟာ ဘာတန်ဖိုးမျှ မရှိသလောက် ပေါများလွန်း၍ မိဂဒါဝုန်တောကြီးအဖြစ် မဏ္ဍပ်ကြီးကို သရုပ်ဖော်ရာမှာ အထောက်အကူပစ္စည်းတွေအဖြစ် ပေါပေါသီသီ အသုံးပြုနိုင်ခဲ့ကြသည်။

အော် ခုများတော့လည်း ရှားပါးပစ္စည်းတွေ ဖြစ်နေပါရော။ဟု သတိထားလိုက်မိပါသည်။ ကြာလည်း ကြာခဲ့ပြီကိုး။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ လူဦးရေ သန်းနှစ်ဆယ်၊န့်သာ ရှိဦးမည် ထင်ပါသည်။ အမိမြေဒေသာဏ ဝေဆာစွာ ဖူးပွင့်ပေးနေသည့် သယံဇာတနှင့် သဘာဝ စားသုံးသီးနှံတွေက အလျှံပယ်ပေါ်ကြွယ်လွန်း၍ လူ သန်းနှစ်ဆယ်အတွက် လုံလောက်ရုံသာမက ပြည်ပသို့ပင် တင်ပို့ရောင်းချပေးနေရသည်။

ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ လူဦးရေ လေးဆယ့်နှစ်သန်းခန့် ရှိရော့မည်။ စားသုံးသူ လူဦးရေနှင့် သီးနှံသယံဇာတ ထွက်နှုန်းတို့ အချိုးမညီ၊ မမျှမတ ဖြစ်နေပြီ ထင်ပါသည်။ ဘာကြောင့်များ ကုန်ဈေးနှုန်းတွေ ဤမျှ မြင့်တက်လာပါလိမ့်။

ဒီပြဿနာရဲ့အကြောင်းရင်းကို စိစစ်ရှာဖွေလိုက်တော့ လူတွေကလည်း လူတွေပါဗျာ၊ ပြောရတာ ခက်ပါတယ်။

ကံဦးတော့ ဘားများတတ်ကြပါပြီး မည်နည်း။ ကျွန်တော်သည် ကြွက်မြီးပေါသည့် ၄၅ကျပ်တန် အုန်းသီးကြီးကို ကျွန်တော့်ရဖူးကြောင်ကြီးနဲ့ ဆောင့် ဆောင့်ပြီး ဈေးကြီးဦးဟာ ဈေးကြီးဦးဟာဟု အော်ပစ်လိုက်ချင်ပါတော့သည်။ အော်တိုဘုန်းတော့ မိန့်ပါ ခင်ဗျာ၊

သဗ္ဗေသတ္တာအဝေရာဟောန္တု။

အဏ္ဏဝါစိုးမိုး

ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၄၃၊ ၁၊ ၁၉၉၃

Be the first to comment

Leave a comment

Your email address will not be published.


*