သမိုင်းဦးဝေဒနာ အပိုင်း ၇

သံက တစ်ပိဿာ တစ်ရာလောက်ရှိတယ်။ တစ်ပိဿာတော့ ကုန်မှာပဲ။ ပြီးတော့ ဖျက်ချလိုက်တဲ့ ကပ်အဟောင်းတွေ စွန့်ပစ်ခ ပေးရသေးတယ်။ အရပ်ထဲ ပုံထား လို့ရတာ မဟုတ်ဘူး။ ဒီတော့ လက်ထဲ နှစ်ထောင်လောက်ရှိမှ ကပ်မိုးနိုင်မှာ။ ထွေးမောင်ရတာက တစ်နေကုန် ရောင်းနိုင်မှ တစ်နေ့ခြောက်ဆယ်

ပတ်ဝန်းကျင်ရတယ်။ ဒါက လူနှစ်ယောက်စားဖို့ကိုပဲ အတော်ချွေတာနိုင်မှ။ နုရီကလည်း ကိုယ်ဝန်နဲ့ဆိုတော့ အလုပ်လုပ်ဖို့ မခိုင်းရက်ဘူး။ နုရီအဖေ သေပြီး လှည်းနဲ့ နွားရောင်းတာကလည်း အသုဘစရိတ်နဲ့ ရက်လည်ဆွမ်းကပ်တာနဲ့။ ပြီးတော့ သံသရာကြွေးလွတ်အောင်လို့ ဆိုပြီး သူ့အဖေ ယူခဲ့တဲ့ အကြွေးတွေ အကုန်ထိုးဆပ်လိုက်တယ်။ အပိုမကျန်ခဲ့ဘူး။

မိုးမလုံရင် မဖြစ်တဲ့အကြောင်း နူရီက ပြောတော့ ထွေးမောင် ထုံးစံ အတိုင်း ခတ်ရွှတ်ရွှတ် ပြန်ဖြေတတ်တယ်။ “မပူပါနဲ့ကွာ။ ဒီတစ်သက် မိုးနိုင်ဖို့ မလွယ်ပါဘူး

၃။ စက်ဘီးကို အိမ်ဝင်းထဲ ချိုးဝင်လိုက်တော့ မိုးတစ်ပေါက်စ၊ နှစ်ပေါက်စ ကျစပြုလာပြီ။ စက်ဘီးကို ယိုင်ရွဲ့နေတဲ့ နွားတင်းကုတ်တိုင်ကို မှီလိုက်တယ်။ ကယ်ရီယာအပေါ်က ခြင်းတောင်းကို ဖြုတ်ပြီး အိမ်ထဲကို ဝင်လိုက်တယ်။ နုရီကတော့ တစ်ဖက်တစ်ထည်ခေါင်းပေါင်းထားပြီး ကလေးကို နို့ တိုက်နေတယ်။

“ထွေးမောင်၊ မိုးရွာတော့မယ်။ ဘယ့်နှယ်လုပ်မလဲ

ထွေးမောင် ပြန်မဖြေဘူး။ ခြင်းတောင်းပေါ်က နိုင်လွန်ကြိုးတွေနဲ့

အလုပ်ရှုပ်နေတယ်။

“ကလေးအိပ်ပြီလား” “အင်း… အိပ်ပြီ

ထွေးမောင် နောက်ဖေးကို ကတန်းကမန်း ထွက်လာခဲ့တယ်။ နွားတင်း

ကုပ်စင်ပေါ်က ဝါးတစ်လုံးယူပြီး ခွဲစိတ်ပစ်လိုက်တယ်။ နောက် စိတ်ပြီးသား

ဝါးခြမ်းတွေ ယူပြီး အိမ်ထဲပြန်ဝင်လာတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*