ပြောပြောဆိုဆို နုရီကို သိုင်းဖက်ပြီး ဖျာကြမ်းပေါ် လှဲချလိုက်တယ်။ “ထွေးမောင်၊ နင်နော် မကဲနဲ့၊ ငါအော်မှာ
“နုရီကလည်းဟာ …
“ကောင်စုတ် ငါပြောတာ မရဘူးလား။ မျက်နှာရူး လွှတ်ဟာ”
‘နင်နဲ့ငါ စတွေ့တာ ဘယ်နှရက်ရှိပလဲ။ တွေ့တုန်းလေးကို မဟုတ်
လည်း ယူကြမှာပဲ ဥစ္စာ”
လှည်းပေါ်မှာ လုံးထွေးရုန်းကန်နေကြတော့ လှည်းကို ထောက်ထားတဲ့
လှည်းထောက်ခွက ရွှံ့ထဲကျသွားတယ်။ ဝုန်းခနဲ လှည်းထမ်းပိုး ပြုတ်ကျသွား တဲ့ အသံက မိုးသံထဲမှာ ဟိန်းထွက်လာတယ်။
ထွေးမောင်လည်း လှည်းပေါ်က ဒလိမ့်ခေါက်ကွေး ရှေ့စိုက်ကျသွား ရင်း နောက်စေ့နဲ့ လှည်းထမ်းပိုးနဲ့ ရိုက်မိပြီး မျက်စိထဲမှာ ပြာသွားတယ်။
ထွေးမောင် နားထဲမှာ သူခိုး သူခိုးလို့ အော်တဲ့ အသံတွေလည်း ကြားရတယ်။ ဝင်းခနဲ လက်ခနဲ လက်နှိပ်ဓာတ်မီးအလင်းရောင်ကိုလည်း မျက်စိ ထဲမှာ ရဲခနဲ မြင်လိုက်ရသလိုပဲ။ ပြီးတော့ နောက်ဆုံး ကြားလိုက်တာ နုရီအသံ။
“အဖေ မလုပ်နဲ့၊ မလုပ်ပါနဲ့… သမီးတို့ပါ”
ထွေးမောင်လည်း သတိလစ်သွားတယ်။
ဝါကျွတ်တော့ ဘုန်းကြီးဆယ်ပါး၊ အရပ်ထဲက လူကြီးတချို့နဲ့ မင်္ဂလာ ဆွမ်းကျွေးလိုက်ကြတယ်။ ထွေးမောင်လည်း တစ်ကျော့နှစ်ဆယ် အိမ်ကြီးကနေ နုရီတို့အိမ်ကို ရောက်သွားတယ်။ ထွေးမောင်တို့ ရပြီး သုံးလလောက်မှာ နုရီ အဖေဆုံးတယ်။
ထွေးမောင် ဒီအိမ်ပေါ်ရောက်ကတည်းက ကျိုးတိုးကျဲတဲ အိမ်အမိုးကို
သတိထားမိတယ်။ နောက်တစ်မိုးဆိုရင် နေမဖြစ်ဘူးဆိုတာလည်း တွက်မိတယ်
ဝန်နဲ့အား မမျှလို့ကို ကြည့်နေရတာ။ တွက်ကြည့်လေ၊ နှစ်ခန်းပတ်လည်အိမ်ဆိုတော့ ကပ်နှစ်ရာ့ငါးဆယ် လောက် မိုးရမယ်။ ကပ်တစ်ချပ်ကို ပေါက်ဈေးက ခြောက်ကျပ်ခွဲ။ ဒါတောင် မရမ်းခြံကပ်ပဲ ရမယ်။ အကောင်းစား မရနိုင်ဘူး။ ကပ်ဖိုးတင် ထောင့်ငါးရာ။
Be the first to comment