သမိုင်းဦးဝေဒနာ အပိုင်း ၅

နုရီတို့အိမ်ထဲက ကြေးစည်သံကြားရပြီး ထရံကြားက မြင်ရတဲ့ မီးရောင် လက်လက်ကလေး ပျောက်သွားတယ်။ အိပ်ရာဝင်သွားပြီ။ မိုးက ပိုသည်းလာ တယ်။ နွားတင်းကုပ်က မိုးသိပ်မလုံတာနဲ့ လှည်းပေါ် တက်ထိုင်နေလိုက်တယ်။ မနက်ကို ရတနာဂူ ပို့ရမှာဆိုတော့ လှည်းကပ်ကြမ်းပေါ်မှာ ကောက်ရိုး

ထူထူခံပြီး ဖျာကြမ်းတစ်ချပ် ခင်းထားတယ်။ နေမပူအောင် လှည်းပေါင်းမိုးက လည်း အဆင်သင့် တပ်ပြီးသား။ ပေါင်းမိုးဖျာကြမ်းပေါ်မှာ ပလတ်စတစ်အုပ် ပြီး ကြိုးနဲ့သိုင်းထားပြီးသားဆိုတော့ မိုးလည်း စိတ်ချရတယ်။

“နုရီကလည်း ကြာလိုက်တာ”

ကင်းတဲက သံချောင်းခေါက်သံ ကြားရတယ်။ ထွေးမောင်စိတ်ထဲက လိုက်ရေကြည့်တယ်။ ဆယ့်တစ်ချက်။ မိုးက သည်းသထက် သည်းလာတယ်။ လှည်းအောက်မှာ ချွတ်ထားတဲ့ ရာဘာဖိနပ်ကို မိုးရေစီးထဲ ပါမသွားအောင် ကုန်းကောက်ပြီး လှည်းရံတိုင်မှာ ချိတ်ထားလိုက်တယ်။

တအောင့်လောက်ကြာမှ နုရီ အိမ်နောက်ဖေး တံခါးပွင့်လာတယ်။ နုရီ ခမောက်တစ်ချပ် ခေါင်းပေါ်တင်ပြီး ထွက်လာတယ်။ ထွေးမောင်ကို နွား

တင်းကုပ်ထဲ လှမ်းကြည့်ပြီး ရှာသေးတယ်။ နုရီ ဟေ့… နုရီ ငါ ဒီမှာ၊ လှည်းပေါ်မှာ နုရီ လှည်းမြီးကို ရောက်လာပြီး အပေါ်တက်လိုက်တယ်။ ခမောက်ကို ပေါင်းမိုးပေါ် လှမ်းတင်လိုက်တယ်။ ထွေးမောင်ပေးထားတဲ့ ရှင်မတောင်သနပ်

ခါးနံ့က မွှေးကြိုင်လို့။ “စောင့်လိုက်ရတာ နုရီရာ”

“ရှူး… တိုးတိုး၊ အဖေက စောစောလေးကမှ အိပ်ပျော်သွားတာ အိပ်ရာထဲ ရောက်ပေမယ့် တော်တော်နဲ့ အိပ်တာမဟုတ်ဘူး” “နင် မနက် ရတနာဂူ လိုက်ဦးမှာ မဟုတ်လား’

“အေး.. နင်လည်း လာမှာမဟုတ်လား” “လာတော့လာမှာပေါ့။ တော်ကြာ နင်တို့ဆေးလိပ်ခုံက

တွေ ငါ့မျက်စိကျနေရင် နက်ခက်မယ်” ကောင်မလေး

“အောင်မာ… အရူး၊ လူကြည့်တော့ ရိုးပုံရိုးလက်နဲ့

“ငါ့ကို နင်က လူရိုးလို့ ထင်တယ်ဟုတ်လား”

Be the first to comment

Leave a comment

Your email address will not be published.


*