သမိုင်းဦးဝေဒနာ အပိုင်း ၄

ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ လူငယ်တစ်စုက အင်္ဂလိပ်သီချင်းကို ဖွင့်ပြီး တစ်လမ်းလုံး လှည်းပေါ်မှာ ကကြတယ်။ “အမေ့သမီး အမေ ကြည့်ပြောနော်။ ကျွန်တော် အတန်တန်တားရက်

နဲ့ သူသွားတာ ဒါမျိုးတွေ ကျွန်တော် မကြိုက်ဘူး”

“ဟေ့ … ချာတိတ်”

ဘယ်သူတွေ ဘယ်လိုအော်နေနေ ထွေးမောင်ကတော့ နုရီတို့လှည်း နောက်နားက ရိုရိုကျိုးကျိုး ကပ်လိုက်နေခဲ့တယ်။ မျက်လုံးချင်းဆုံအောင် ကြည့်ဖို့ထက် ပိုမရဲခဲ့ဘူး။ မယ်စယ်ပင်တန်းမှာ ထမင်းစားကြတော့လည်း နုရီနဲ့ မလှမ်းမကမ်းမှာ ထွေးမောင် ရှိနေတယ်။ ဦးပိန်တံတားပေါ် လျှောက်တော့လည်း နုရီတို့နောက်မှာ ထွေးမောင်ပါတယ်။

ချောင်းထဲငှက်စီးပြီး အထက်နန်း အောက် နန်းကူးတော့လည်း ထွေးမောင်တို့ငှက်က သူတို့နောက်မှာ။ နောက်ဆုံး ညနေ စောင်းလို့ ပြန်ကြတော့ နုရီတို့လိပ်တဲ့ မြင်းညိုဆေးလိပ်ခုံရောက်သည်ထိ ထွေးမောင် ကပ်ပါနေဆဲပဲ။ လူတွေ အကုန်ဆင်း၊ ပစ္စည်းတွေချပြီး နုရီတို့ သားအဖနှစ်ယောက် လှည်းမောင်းပြန်သွားတော့မှ ထွေးမောင် အိမ်ပြန်တယ်။

ရတနာဂူက စခဲ့တဲ့ ထွေးမောင် နုရီဇာတ်လမ်းက နုရီကို ဆေးလိပ် လိပ်သင်ပေးတဲ့ အပျိုကြီးမအုန်းရဲ့ ကူညီစောင်မမှုကြောင့် အဆင်ပြေခဲ့တယ်။ နုရီ ညလိပ်လိပ်ရင် ထွေးမောင် ဈေးမထွက်တော့ဘူး။ နုရီအပြန်ကို ဘေးမဲ့ဘုန်းကြီးကျောင်းထောင့်က စောင့်ရတယ်။ နုရီတို့အိမ်နဲ့ မလှမ်းမကမ်း ရောက်သည်ထိ လိုက်ပို့ပေးရတယ်။ နောက်တော့ နုရီအဖေက သတင်းသဲ့သဲ့ ကြားတာနဲ့ နုရီကို အမြဲလာကြိုတော့တာပဲ။

ထွေးမောင်ကတော့ သူ့အဖေကြီး မမြင်နိုင်တဲ့နေရာကနေ ချောင်းကြည့် ပြုံး ပြန်လုပ်နေရတော့တယ်။ အဘိုးကြီး လှည်းထွက်သွားတဲ့အချိန်ကို ဈေးရောင်း အပျက်ခံပြီး တွေ့ရတယ်။ ဒီလိုနဲ့ တစ်နှစ်လည်လာခဲ့ပြီ။ ရတနာဂူပွဲ ကျင်းပတဲ့ ဝါခေါင်လကို တစ်ကျော့ပြန်ရောက်လာတယ်။

နုရီတို့ အိမ်နောက်ဖေးကို ဝင်းထရံအပ်ကနေ တိုးဝင်လိုက်တယ်။ နွားတင်းကုပ်အောက် ခပ်မှောင်မှောင်နေရာမှာ အသာထိုင်လိုက်တယ်။ ကောင်း ကင်တစ်ခုလုံး မည်းမှောင်နေပြီး မိုးသံတွေ ကြားနေရတယ်။ မိုးသံတွေကြားထဲမှာ နုရီအဖေ ဘုရားရှိခိုးသံကိုလည်း မသဲမကွဲ ကြားရတယ်။ မိုးကတဖြောက် ဖြောက်ကျလာပြီ။ နွားမြီးခတ်သံ တဖျတ်ဖျတ်ကို မိုးပေါက်သံကြားက ကြားနေရတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*