ရောင်းပြီး ငွေချေပေးတဲ့အပြင် ရွာက တက်လာတဲ့ လူကို ဆွဲခြင်းတစ်လုံး ဆီးပေးလိုက်တာပဲ။ သူတို့လည်း အဆင်ပြေ၊ ရွာသား အချင်းချင်း ကူညီစောင်မရာလည်း ရောက်တယ်လေ။
ထွေးမောင်လို လူပေါင်း အစိတ်သုံးဆယ်လောက် ရှိတယ်။ အားလုံး အဲဒီအိမ်ပေါ်မှာပဲ အိပ်ကြတယ်။ မနက်လင်းတာနဲ့ ထွက်၊ လမ်းမှာစား၊ ညမိုးချုပ်မှ ပြန်အိပ်ရုံသက်သက်အတွက် နေရာလည်း ပေးထားတယ်။ တစ်လနှစ်ဆယ်တော့ ပေးရတယ်။ သူတို့အခေါ် တော့ တစ်ကျော့နှစ်ဆယ်။
မန္တလေးရောက်ပြီး သုံးနှစ်လောက်အကြာမှာ နုရီနဲ့တွေ့ကြတယ်။
ရတနာဂူပွဲနေ့ကပေါ့ ။ အဲဒီနေ့ဆိုရင် မန္တလေးမြို့ပေါ်မှာ ခြောက်ကပ်သွားတော့တာပဲ။ အားလုံး
က ဦးပိန်တံတား၊ တောင်သမန်အင်းစပ် မယ်စယ်ပင်တန်း၊ အထက်နန်း အောက် နန်း အဲဒီနေရာတွေမှာ အကုန်ရောက်ကုန်ကြတယ်။ တချို့က ဘတ်စ်ကားနဲ့ တချို့က ကိုယ်ပိုင်ကား၊ ဆိုင်ကယ်၊ တချို့က စက်ဘီးနဲ့ ပိုပျော်စရာကောင်းတာ က လှည်းတန်းရှည်ကြီးပဲ။
ထွေးမောင်တို့က ကြေးဇွန်းခတ်တန်းလောက်ကနေ စောစော သွားစောင့် ကြတယ်။ လာသမျှလှည်းတွေထဲက ကိုယ်သဘောကျတဲ့ လှည်းနောက်က ကပ် လိုက်ကြတာပဲ။ နုရီတို့လှည်းကို စတွေ့တော့ လှည်းမြီးမှာ ခြေတွဲလဲချပြီး ထိုင် လိုက်တဲ့ လေးယောက်ထဲမှာ နုရီကို မျက်စိကျခဲ့တယ်။
လှည်းတန်းတစ်လျှောက်လုံး စပီကာသံ၊ ကိုယ့်တီးဝိုင်းနဲ့ကိုယ် တီးကြ မှုတ်ကြတဲ့ အသံတွေ၊ စကြ နောက်ကြတဲ့ အသံတွေက ထောင်းထနေတဲ့ ဖုန်လုံးကြီးတွေနဲ့ လုံးထွေးရစ်ပတ်နေတယ်။
“အိမ်ကို မြန်မြန်ပြန်ပါ၊ ကလေးတွေ ငိုကုန်ပြီ
“ဪ… မင်းကတော့ ဒီမှာပျော်လို့ပေါ့။ ငါ့မှာတော့ ကလေးမနေ လို့ လိုက်လာခဲ့ရတာ၊ ရော့… ကလေး ပလတ်စတစ် ရုပ်ကလေးတစ်ရုပ်ကို တုတ်ရှည်ရှည်တစ်ချောင်းမှာ
ကြိုးနဲ့ချိတ်ဆွဲထားပြီး ရှေ့လှည်းမြီးကို လှမ်းစသူ စတယ်။ “ကျုပ် မမြသွေးကို စောင့်လာခဲ့တာ နှစ်ပေါင်းနှစ်ဆယ် ရှိသွားပြီ” ရီဝေနေတဲ့ ဘိုးတော်ကလည်း လှည်းပေါ် မတ်တတ်ရပ်ပြီး ရှေ့ကလှည်းကို လှမ်းပြောလိုက်သေးတယ်။
Be the first to comment