မိန်းမတစ်ယောက်၏ ဆန်းကြယ်သော အချစ် အပိုင်း ၉

ပြီးတော့ မယုံနိုင်လောက်အောင်ဘဲ မွတ်သိပ်စွာ ကျွန်မရဲ့နှုတ်ခမ်းတွေကို နမ်းနေတာကို သိလိုက်ရတော့ ကျွန်မကို ဒဏ်ခတ်သလားလို့ သံသယ စိတ်တွေ ဝင်လာပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ချိုမြိန်လွန်းတဲ့ အနမ်းတွေကို လည်း ငြိမ်သက်စွာ တုံ့ပြန်ခံယူနေမိတယ်။

စိတ်နှစ်ခုက လွန်ဆွဲနေတယ်။ ဒါပေမယ့် သာယာနေမိတဲ့ စိတ်ကို သံသယစိတ်က အနိုင်ယူသွားတဲ့ အခါကျတော့ သူ့ကို တွန်းဖယ်ထုတ်မိပါတယ်။ သူ့ကို နာကြည်းစွာ ကြည့်လိုက် မိပြီး စိတ်ထဲမှာလည်း သူ့ရဲ့နူးညံ့လှပသော ပါးပြင်တွေကို သွေးထွက်အောင် လက်သည်းရှည်နဲ့ ကုတ်ခြစ်နေမိတယ်။

သူက ဘာမှဖြစ်သွားပုံ မပေါ်ပါဘူး။ ပြီးတော့ အေးအေးဆေးဆေးပဲ ပြောတယ်။ ကျွန်မဟာ နောက်ဆက်တွဲတွေကို မစဉ်းစားတတ်သောသူ၊ စာကျက်နေတဲ့ သူ့ကို စိတ်ဒုက္ခရောက်အောင် လုပ်သော သူလို့ စွပ်စွဲပါတယ်။ ကျွန်မကို သနားဖို့ဝေးလို့ သူ့ကိုပဲ ပြန်တောင်းပန်ရမလို ဖြစ်နေတာပေါ့။

သူ ဘာကို ဆိုလိုသလဲတော့ တိတိကျကျ မသိပါ။ သို့ပေမယ့် ကွာဟ တဲ့ အသက်ကို ဆိုလိုတယ်လို့ ယူဆရတာပါပဲ။ ကျွန်မလည်း ရုန်းထွက်လိုက်ပြီး ရှင့်မေးခွန်းကို ရှင်းရှင်းဖြေရရင်တော့ “ရှင်ကို ကျွန်မ ချစ်နေတယ်။

ရှင် မချစ် တာကိုလည်း သိနေတယ်”လို့ ပြောပြီး ထွက်သွားဖို့ လုပ်တော့ “ကိုယ်ကလည်း မင်းကို ချစ်တယ်ဆိုတာရော နားမထောင်သွားတော့ဘူးလား”လို့ မေးလိုက်တာကို ကိုယ့်နားကို မယုံနိုင်အောင် ကြားလိုက်ရတယ်။

ကျွန်မပျော်လွန်းလို့ မရှက်မိတော့ပါဘူး။ သူ့ကို တင်းကျပ်စွာ ဖက် လိုက်မိတယ်။ သူကလည်း ကျွန်မရဲ့ဆံနုတွေကို နှုတ်ခမ်းနဲ့ အသာအယာ ဖိတို့ ကစားနေတယ်။ လောကကြီးဟာလည်း ကျွန်မအတွက် အလှဆုံးဖြစ်သွားတော့ တယ်။ ကျွန်မဟာ အရာရာ ပြီးပြည့်စုံသွားသူတစ်ယောက်လို ခံစားနေရပြီး လူတွေပြောနေကြတဲ့ ရူးကြောင်ကြောင် အချက်တစ်ခုဟာ အမှန်ဆုံးပဲလို့ စိတ်ထဲ မှာ ထောက်ခံနေမိတော့တယ်။

နှင်းဆီနီ

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၃၈၊ ဒီဇင်ဘာလ၊ ၁၉၉၂

Be the first to comment

Leave a comment

Your email address will not be published.


*