မိန်းမတစ်ယောက်၏ ဆန်းကြယ်သော အချစ် အပိုင်း ၆

သူ့ကို တွေ့ချင်ပေမယ့်လည်း ဆုံနိုင်ဖို့ကတော့ မတောင်းဆိုမိပါဘူး။ ဘာလို့လဲဆိုတော့ သိပ်လိုချင်တဲ့အရာတစ်ခုကို အရယူနိုင်တဲ့အခါ မရယူသင့် တဲ့အခါမှာ အဓမ္မနည်းနဲ့ မရယူဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ မရပေမယ့်လည်း ရောင့်ရဲ နေနိုင်တဲ့စိတ်ဓာတ်ကို မွေးမြူ ပိုင်ဆိုင်နိုင်ခဲ့လို့ပါပဲ။

အိမ့်ကတော့ ကျွန်မကို ကိုယ်ချင်းမစာနာတတ်သူလို့ ထင်နေတာမို့ ကျွန်မ ခုလိုဖြစ်နေခံစားနေရတာတွေ ကို သိခဲ့ရင် ဝမ်းသာကောင်း သာပါလိမ့်မယ်။ တကယ်တော့လည်း စာနာလို့ ဝင်ရောက်စွက်ဖက်မိခြင်းက အချစ်ဆုံးသူငယ်ချင်း အိမ့်ကို ဆုံးရှုံးသွားတဲ့ ရလဒ် ရခဲ့ခြင်းပဲ ရှိခဲ့ပါတယ်။

ထိုစဉ်ကတော့ အိမ့်ကလည်း ဝင်ရောက်ကူညီစေချင်ခဲ့ တာကိုး။ အိမ့်တစ်ခု သဘောပေါက်မိနေတာကတော့ အချစ်ဆိုတာ ကိုယ် လိုချင်တိုင်းလည်း ဖန်တီးယူလို့ မရဘူးဆိုတာပါပဲ။ အိမ့်အပေါ်မှာ သူဟာ သွေးအေးတယ်။ သူမနဲ့ပတ်သက်တဲ့ စိတ်ပိုင်းဖြတ်မှုမှာလည်း ပြတ်သားလွန်းတယ် ဆိုတဲ့ အချက်ပါပဲ။ အိမ့်ကို သူ မချစ်ပါဘူး။

ကျွန်မကိုလည်း သူ မချစ်ပါဘူး။ ကျွန်မဘက်ကတော့ သူ့အပေါ် ထားရှိနေမိတဲ့ ထူးခြားစွာ ခင်မင်စွဲလမ်းမှုကို အချစ်လို့ သတ်မှတ်ခံရမယ်ဆိုရင် “ဆန်းကြယ်သော အချစ်”လို့ အမည်တပ်ရမလိုပါပဲ။

သူဟာ ကျွန်မအချစ်ကို လည်း ဘယ်တော့မှ နားလည်လာမည့်သူ မဟုတ်လေတော့ သူ့ရဲ့တုံ့ပြန်အချစ်ကို မရလည်းဘဲ ကျွန်မ ရပ်တည်နေနိုင်တယ်။ ဒီလိုနေရလို့လည်း အမြဲတမ်း ကြေကွဲ မနေမိပါဘူး။ ဒါ့အပြင် သူ့ကို ချစ်နေမိတာကိုလည်း သေသည့်တိုင်အောင် မပြောင်းလဲဘဲ ထိန်းသိမ်းသွားနိုင်မှာမို့လို့ ဖြစ်ပါတယ်။

တစ်မနက်လုံး စိတ်တွေ ဆင်းရဲနေမိတယ်။ Computer Class သွားခါ နီးမှ ကားက ပျက်နေလို့ ဘတ်စ်နဲ့ သွားရတယ်။ ခရီးသည်တွေကလည်း Per sonal Hygene သိပ်မရှိကြလို့ စိတ်ပျက်စရာ။ မိုးကလည်း စွတ်ရုံသာရွာထားလို့ လမ်း လျှောက်တိုင်း ဗွက်ကစင်တော့ အလှ အသန့်ကြိုက်တဲ့ ကျွန်မ စိတ်တွေတိုနေမိ တော့တယ်။

Class ရောက်ပြန်တော့လည်း လူပြည့်နေလို့ အပေါ်ထပ်မှာ တစ်ယောက်တည်း သွားလေ့ကျင့်ရတယ်။ Classလည်း ဆင်းရော ရုံးသွားဖို့ အလုပ်မှာ မိုးက သဲကြီးမဲကြီး ရွာချလိုက်တော့ ထီးပါပေမယ့်လည်း နီးရာဆိုင် NASA တေးသံသွင်းထဲကို ခွင့်တောင်းပြီး ခဏဝင်ခိုလိုက်ရတယ်။ အဲဒီအချိန် မှာ ဆိုင်ထဲ အပြေးဝင်လာတာ တွေ့လိုက်ရတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*