မိန်းမတစ်ယောက်၏ ဆန်းကြယ်သော အချစ် အပိုင်း ၄

အိမ့် မသိခဲ့ဖူးတဲ့ မသိစေချင်တဲ့အကြောင်းတွေ (သူ့အိမ်မှာ ကျွန်မတို့ ဆုံတွေ့ခဲ့တာရယ်၊ Scorpions သီချင်းခွေရယ်၊ ကျွန်မသူငယ်ချင်းရေးတဲ့ (On wings of magic ဝတ္ထုစာအုပ်ရယ်၊ အမည်မဖော်တဲ့ မွေးနေ့လက်ဆောင်ပေး တာရယ်) အားလုံးဟာလည်း ပျော်စရာပါပဲ။

ကျွန်မပေးတဲ့လက်ဆောင်တွေကို တခြားလူ တွေကို နှစ်သက်ကြောင်း တိကျစွာ ထုတ်ဖော်မပြောပေမယ့် ကျွန်မ သိသာအောင် သွယ်ဝိုက်ပြောခဲ့တုန်းကဖြင့် သိပ်ကို ပျော်ခဲ့ရတာပေါ့။ ကျွန်မရေးတဲ့ စာ ကြောင်းလေးတွေကိုလည်း လေချွန်ပြီး ချီးကျူးခဲ့တယ် (အမေရိကန်လူမျိုးတွေ လိုပေါ့)

အိမ့် မနာလိုဖြစ်မယ်ဆိုရင်လည်း ဖြစ်လောက်စရာပါပဲ။ ကျွန်မချိန်းတဲ့ လက်ဖက်ရည်ဆိုင်ကို အရောက်လာတာရယ်၊ အိမ့်ကိုဆိုရင် အကြာကြီး ဖုန်း မပြောတတ်တာတွေရယ် စသဖြင့်ပေါ့။

ကျွန်မနဲ့ဆိုရင်တော့ ကျွန်မက မိုးလည်း ချုပ်၊ ပြောတာလည်း ကြာလှပြီဆိုရင် တစ်ခုခုလုပ်ဖို့ အချိန်တန်ပြီလို့ (ဥပမာ စာကျက်ဖို့၊ အိပ်ရာဝင်ဖို့ စသဖြင့်) သွယ်ဝိုက်ပြောရင် သူ လုံးဝမကြိုက်ပါဘူး။

“သူ ဖုန်းချချင်ရင် ဒီလိုပဲ”လို့ လေသံခပ်မာမာနဲ့ ပြန်ပြောရင် ကျွန်မ သိပ်နောင်တ ရသွားတာပေါ့။ ဖုန်းချဖို့လည်း ဝန်လေးသွားတော့တယ်။ အဲဒီအခါမှာ သူက ခပ်လှောင်လှောင် နူးနူးညံ့ညံ့ ရယ်မောတတ်ပါတယ်။ ကျွန်မရဲ့အားနည်းချက် တွေကို သူကောင်းကောင်း သိထားသလိုပဲ။

ကျွန်မတို့ သုံးဦးအကြား ခုလိုဖြစ်ခဲ့တာတွေကို သူ အတော်စိတ်ပျက် သွားခဲ့တာ သေချာတယ်။ “ဒီကိစ္စဟာ ဘာမှမဖြစ်လောက်တဲ့ အသေးအဖွဲတစ်ခု” “သူက ကျွန်မတို့နှစ်ယောက်လုံးရဲ့ မိတ်ဆွေလို့ သူက သဘောထားခဲ့တာကိုး။ ကျွန်မဘက်က ကြည့်ပြန်ရင်လည်း ကျွန်မရဲ့အချစ်ဆုံး သူငယ်ချင်းအိမ့်၊ သူ့ကြောင့် ခံစားနေရတာတွေ၊ စွဲလမ်းနေတာတွေကို သိနေခဲ့လို့ သနားစာနာမိတာပေါ့။

ဒီလို စာနာမှုကပဲ သူတို့နှစ်ယောက် ပိုမိုခင်မင်နီးစပ်လာဖို့ ကြံဖန်ပေးတဲ့ ဝင် ရောက်စွက်ဖက်မှုကို လုပ်ဖြစ်အောင် ကျွန်မကို တွန်းပို့ခဲ့တယ် ထင်ပါတယ်။ အိမ့် ယုံကြည်နေတာကတော့ ကျွန်မကြောင့် သူက အိမ့်အပေါ် အထင်သေးသွား တယ်။ တစ်မျိုးဖြစ်သွားတယ်။ သို့မဟုတ်ရင်လည်း အခင်လျော့သွားတယ်။

အရင်လို ယုံကြည်တိုင်ပင်မှ မရှိတော့တာလိုပါပဲပေါ့။ အိမ့်ရဲ့စွပ်စွဲချက်တွေက ကျွန်မကို သိပ်အနေရခက်စေတယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေဟာ မမှန်ဘူး လို့ သေချာသိနေပေမယ့် ထုတ်မပြောသာလို့ပါဘဲ)။

ကျွန်မ တွေးကြည့်လို့ ရသလောက်ကတော့ သူဟာ ရွယ်တူယောက်ျား လေး သူငယ်ချင်းတွေနဲ့ ပေါင်းသင်းသွားလာရတာကို ပိုပြီး စိတ်သက်သာသလို ခံစားရတဲ့သူမျိုးပါ။ ဘာသာရေးနဲ့ ထိန်းကွပ်မှုလည်း ပါမယ်ထင်တယ်။ သဝန် လည်း ခပ်ကြောင်ကြောင်ပဲ။

Be the first to comment

Leave a comment

Your email address will not be published.


*