မိန်းမတစ်ယောက်၏ ဆန်းကြယ်သော အချစ် အပိုင်း ၁

မိန်းမတစ်ယောက်၏ ဆန်းကြယ်သော အချစ် နှင်းဆီန်

“မိန်းမတစ်ယောက်ရဲ့ ယောက်ျားတစ်ယောက်အပေါ် အတွင်းကျကျ ခင်မင်မှုဟာ သူမရဲ့ အထင်ကြီးခြင်း အတိမ်အနက်နဲ့ တိုင်းတာပိုင်းဖြတ်တယ်” ဆိုတဲ့ ကျွန်မကြားဖူးသော စကားဟာ မှန်များနေသလား မသိပါဘူး။

ဘာလို့လဲ ဆိုတော့ ကျွန်မ သူ့ကို အထင်ကြီးသဘောကျမိလို့ပါပဲ။ ကျွန်မနဲ့ သူ သိပ်မတွေ့ စကားမပြောရပေမယ့် ကျွန်မ၏ အရင်းနှီးဆုံးနှင့် အယုံကြည်ရဆုံးသူအဖြစ် သတ်မှတ်ထားမိလို့ပေါ့။ ဒါကလည်း သူ့ရုပ်ရည်ချောမောမှု၊ ပညာတတ်မှုတို့ ကြောင့် မဟုတ်တာလည်း သေချာပါတယ်။

သူ့ရဲ့ အခြားယောက်ျားအတော်များ များနဲ့ ကွာခြားတဲ့ ထင်ရှားချက်တွေကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ သူ့မှာ ကျွန်မကို အံ့သြသွားစေတဲ့ အရည်အချင်းမျိုးတွေ ရှိနေတယ်။ ကျွန်မ တွက်ဆ မိထားတာမျိုးနဲ့ ကွာခြားလှစွာ သူက ထက်မြက်ပြီး ဘဝင်မြင့်တယ်။

စကားပြော လည်း သိပ်ကောင်းတယ်။ သီချင်းဆိုတဲ့အသံလည်း အလွန်ကောင်းပါတယ်။ အဓိက ကျွန်မ အနှစ်ခြိုက်ဆုံးကတော့ သူ့ရဲ့ လျှို့ဝှက်တတ်မှုနှင့် နှုတ်လုံမှုပဲ ဖြစ်ပါတယ်။ ကျွန်မရယ်၊ သူရယ်၊ ကျွန်မအချစ်ဆုံး သူငယ်ချင်း အိမ့်ရယ် ဒီသုံးယောက်အကြား ဖြစ်ပျက်ခဲ့သမျှ ဇာတ်လမ်းမှာ သူ့ရဲ့ အဲဒီဖော်ထုတ်မပြော တတ်မှုနဲ့ လျှို့ဝှက်မှုအတွက် ကျွန်မ သူ့ကို သိပ်ကျေးဇူးတင်ရပါတယ်။

(တစ်ပြိုင် တည်းမှာ အိမ့်ကတော့ သူ့ကို လျှို့ဝှက်ရကောင်းလားလို့ မကျေမနပ် ရှိနေခဲ့ပါ တယ်) ကျွန်မကိုလည်း ဝင်ရောက်စွက်ဖက်ခြင်း (ထိုကဲ့သို့ အိမ့်က စွပ်စွဲခဲ့တယ်) အတွက် မုန်းတီးသွားခဲ့တယ်။ အိမ့်က သူ့ကို အရမ်းပဲ ချစ်ခင်စွဲလမ်းနေလို့ပေါ့။

Be the first to comment

Leave a comment

Your email address will not be published.


*