အဲဒီတုန်းက ဘိုနီက အသက် အစိတ်လောက် မိန်းမ မရသေးဘူး။ ဒါပေမယ့် အဖေတို့ ဘောကန်နေတဲ့အချိန် သူက ခွက်ပုံးဖြစ်နေပြီ” “ဦးဘိုနီသား အငယ်က ကျွန်တော်နဲ့ တစ်တန်းတည်းအဖေ စိုးနီတဲ့” “ဪဪ ဆယ့်လေးနှစ်လောက် ရှိပြီပေါ့”
ဘယ်ရောက်ရောက် ဘယ်အစာ စားရစားရ ဦးလျောင်တိတ် ခေါက်ဆွဲ ကိုတော့ ကျွန်တော် စွဲတယ်။ ရန်ကုန်ရောက်လို့ စားပွဲရုံမှာ ခေါက်ဆွဲစားတိုင်း ဦးလျောင်တိတ် ခေါက်ဆွဲ သတိရတော့တာပဲ။
အသားနိုင်းချင်း ဘဲဥကြီး တစ်လုံး လုံး အပြားလိုက် ကြော်ပြီး အုပ်ထားတဲ့ ဦးလျောင်တိတ် ခေါက်ဆွဲဟာ ကျွန်တော် စားဖူးသမျှ ခေါက်ဆွဲထဲမှာတော့ အကောင်းဆုံးလို့ ထင်တာပဲ။
ဒါကြောင့် ရန်ကုန်က အရပ်ပြန်ရောက်တိုင်း ဦးလျောင်တိတ် ခေါက်ဆွဲကြော် စားဖြစ်အောင် ကို စားတယ်။ ဒီတစ်ခေါက်တော့ ခေါက်ဆွဲဆိုင်ထဲ ထိုင်ပြီး စားမယ်လို့ စိတ်ကူး မိတာနဲ့ အစ်ကိုနဲ့ကျွန်တော် လျောင်တိတ်ဆိုင်ထဲ ဝင်သွားလိုက်တယ်။
ဦးလျောင် တိတ်တော့ မရှိတော့ဘူး။ ဆိုင်ကလည်း တော်တော်သားသားနားနား ပြင်ထား တယ်။ ဖော်မိုက်ကာ စားပွဲဝိုင်းတွေ ဘာတွေနဲ့ အခန်းလေးတွေ ဖွဲ့လို့။ အခန်း ဖွဲ့ထားတယ်ဆိုပေမယ့် ဦးလျောင်တိတ်သား ကိုကျိတိတ် ထိုင်တဲ့ကောင်တာက တော့ အကုန်လှမ်းမြင်ရပါတယ်။
“ဟေ့ကောင် မင်းအောင်ကြီးပါလား။ ဘယ်တုန်းက ပြန်ရောက်သလဲ” ဟင် … ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေတာ စိုးနီပါလား။ သူ့အဖေ ဦးဘိုနီလိုပဲ မျက်နှာပွယောင်းယောင်း၊ နီစပ်စပ်၊ သူ့အမေးကို ကျွန်တော် တော်တော်နဲ့ မဖြေနိုင်သေးဘဲ သူ့ကို သေသေချာချာ ကြည့်ပြီးမှ… “အေး… သူငယ်ချင်း။ မနေ့ကပဲ နေကောင်းတယ်နော်”
“အိုကေပါပဲကွာ။ ဘာလဲ မင်းသောက်တတ်နေပလား”
“မသောက်ပါဘူးကွာ။ ခေါက်ဆွဲလာစားတာပါ”
“အေးအေး မသောက်တတ်ရင် မသောက်နဲ့။ သောက်ရင်လည်း မရမ်းနဲ့။ အဲ… သောက်ပြီးရမ်းရင် ကိုယ့်အမှုဖြစ်ပြီး အဲဒီထက်ဆိုးပြီး လူတွေဘာ တွေ သတ်မိပြီဆိုရင်တော့ ပုဒ်မ ၃၂ဝ ပဲ။ ဆေးရုံရောက်မှ သေလည်း ၃ဝ၄ လို့ ရဲက အမှုဖွင့်တာ မဟုတ်ဘူး။ ၃၂၀ က လူသတ်မှုလေကွာ။ နေရာတင် သေတာပေါ့ကွာ။
Be the first to comment