ဦးလျောင်တိတ်က နောက်ဖေးမီးဖိုဆီကို လှမ်း အော်ရင်း ရွှေသွားတွေ အဝင်းသားနဲ့ ပြုံးပြီး သူ့ရှေ့က ထိုင်ခုံမှာ ထိုင်ခိုင်းတယ်။ ကျွန်တော်လည်း ခေါက်ဆွဲကြော်စောင့်ရင်း ဆိုင်ထဲကို လျှောက်ကြည့်မိတယ်။ ဆိုင်ထဲမှာ စားပွဲဝိုင်းလေးလုံး၊ ဝိုင်းတိုင်းမှာ ထိုင်နေတဲ့သူတွေက တောက လူတွေများတယ်။
ပက်လက်ကုလားထိုင်ပေါ်မှာတော့ ဦးဘိုနီ ထိုင်နေတယ်။ မြင်တာနဲ့ အရက်ချိုးကြီးမှန်း သိသာပါတယ်။ မျက်နှာက နီစပ်စပ် ပွယောင်း ယောင်း၊ မျက်လုံးတွေကလည်း နီကြောင်ကြောင်လျှာနဲ့နှုတ်ခမ်းကို သတ်နေတာ လည်း ခဏခဏ။ သူ့လက်ထဲမှာ အရက်ဖြူထည့်ထားတဲ့ ဖန်ခွက်ကို ကိုင်ရင်း ကျွန်တော့်ကို မျက်လုံး မှေးကြည့်နေတယ်။
“ဟေ့.. ကလေး၊ မင်း ဘယ်သူ့သားလဲကွ” ဦးအုန်းမြင့် ဒေါ်လေးမူ သားပါဗျ
“ဪ… အုန်းမြင့်သားလား။ မင်းအဖေ နေကောင်းလား ကလေး “ဟုတ်”
သူက ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ရှေ့က စားပွဲဝိုင်းအသေးကလေး ပေါ် တင်ထားတဲ့ ပန်းကန်ပြားထဲက ဝက်အူချောင်းတစ်ဖတ်ကို ခရင်းနဲ့ထိုးပြီး တခမ်းတနား ယူစားလိုက်တယ်။
သူမေးတဲ့အသံနဲ့ ကျွန်တော်ဖြေတဲ့အသံက သိပ်မကျယ်လှပေမယ့် တခြားစားပွဲဝိုင်းတွေက လူတွေအားလုံး သူနဲ့ကျွန်တော် ပြောနေတာတွေကို ငြိမ်ပြီး နားထောင်နေကြတယ်။
“ဘယ်နှတန်း ရောက်ပြီလဲကွ” အရက်ကို အရသာခံသောက်ရင်း ဦးဘိုနီက ကျွန်တော့်ကို လှမ်းမေး လိုက်ပြန်တယ်။
“ရှစ်တန်း ဖြေထားပါတယ် ခင်ဗျ”
*အေးအေး စားကြိုစားကွ ကြားလား။ လောကမှာ ပညာတတ်မှကွ၊ ပညာမတတ်လို့ကတော့ ဓားမနောက်ပိတ်ခွေး ဖြစ်မှာ ကြားလား” ‘ဟုတ်’
“ပညာတတ်ပြီးရင် လုပ်ချင်တာလုပ်၊ အကုန်တင့်တယ်တယ် ဟုတ်လား
ကလေး
ကျွန်တော် ခေါင်းပဲ ညိတ်ပြလိုက်ပါတယ်။ ကျွန်တော် ဆိုင်ထဲက ပြန်ထွက်ချင်ပြီ။ မနေချင်တော့ဘူး။ ဦးဘိုနီ ကြည့်ရတာလည်း တစ်မျိုးကြီးပဲ။ ယဉ်ယဉ်ကျေးကျေးတော့ ပြောနေပါရဲ့။ သူ့ပက်လက်ကုလားထိုင်ပေါ် ထိုင်နေတဲ့ ပုံကြီးကိုလည်း မကြိုက်ပါဘူး။
သူက ဘာလို့ သူများတွေလို စားပွဲမှာ သွားမထိုင် ဘဲ ဒီပက်လက်ကုလားထိုင်ကြီးပေါ်မှာ ထိုင်နေရတာလဲ။ ဦးလျောင်တိတ်ကလည်း သူ့ကို ဘာမှမပြောဘူးလား။ တခြားစားပွဲက လူတွေကလည်း သူ့ကို ဘာလို့ အထင်ကြီးတဲ့မျက်လုံးတွေနဲ့ ကြည့်နေရတာလဲ ကျွန်တော် မသိဘူး။
ဦးဘိုနီက စကားတစ်ခွန်းမှ ဆက်မပြောဘဲ ကျွန်တော့်ကို စိုက်ကြည့် နေတယ်။ ပြီးမှ သူ့အိတ်ထဲက စီးကရက်ဘူးကို ထုတ်၊ တစ်လိပ်ယူပြီး သူ့ရဲ့ မီးခြစ်နဲ့ ခြစ်တယ်။ မီးခြစ်ဆံယမ်းအား မကောင်းလို့နဲ့ တူပါရဲ့။ မီးမတောက် ဘူး။ ဦးဘိုနီက မီးခြစ်ဘူးကို လက်နဲ့တောက်ပြီး ဆိုင်အပြင်ဘက်ရောက်အောင် လွှင့်ပစ်လိုက်တယ်။ ပြီးမှ သူ့ညာဘက်စားပွဲဝိုင်းက လူတစ်ယောက်ဆီကို လှမ်း ပြီး…
“ဟေ့…… မီးတစ်တို့လောက် ပေးစမ်းပါကွာ”တဲ့။ တောက လူကလည်း ရိုရိုသေသေပဲ။ သူ့ဆီကို လာပြီး ဓာတ်မီးခြစ် အနီလေးကို ခြစ်ပြီး ပေးရှာတယ်။ ပက်လက်ကုလားထိုင်ပေါ်က မထ။ သူ့ စီးကရက်ကို မီးညှိပြီး…
“သင့်ကယူးကွာ”တဲ့
တောက လူကတော့ သူ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောတာ နားလည် လား၊ မလည်လားတော့ မသိဘူး။ သူ့နေရာသူ ပြန်ထိုင်ပြီး အရက်သောက်ရင်း မြည်းဖို့ချပေးတဲ့ ဇီးသီးလေးတစ်လုံး ကောက်ဝါးနေတယ်။
တော်ပါသေးရဲ့။ မှာထားတဲ့ ခေါက်ဆွဲကြော်ရလာလို့ ဦးလျောင်တိတ် ကို ပိုက်ဆံပေးပြီး ဆိုင်ထဲက ကျွန်တော် မြန်မြန်ပြန်ထွက်ခဲ့တယ်။
Be the first to comment