ဖောက်သည် ဇာတ်သိမ်း

၃ဝ၄ က လူသေမှု ချက်ချင်း မသေဘူးပေါ့ကွာ” ကျွန်တော်က ခေါင်းတစ်ချက် ညိတ်ပြီး သူနဲ့အဝေးဆုံး စားပွဲဝိုင်းကို သွားထိုင်လိုက်တယ်။ တစ်ဆိုင်လုံး သူပြောနေတဲ့ ပုဒ်မတွေကို နားထောင်နေ လိုက်ကြတာ ငြိမ်လို့။

“စိုးနီ အရက်ချိုး ဖြစ်နေပြီ’ ကျွန်တော်က အကို့ကို တိုးတိုးလေးပြောလိုက်တော့ အစ်ကိုက တူဘူး

ထဲက တူနှစ်စုံကို လက်သုတ်ပဝါနဲ့ သုတ်ရင်း… “မင်းမြင်တဲ့အတိုင်းပဲ။ ညနေဆို အဲဒီပက်လက်ကုလားထိုင်ကြီးပေါ်

မှာ ထိုင်ပြီး အရက်လာသောက်တဲ့ တောက လူတွေကို ဥပဒေအကြောင်းတွေ ရွတ်ပြနေတော့ပဲ။ အမယ် သူ့အရပ်နဲ့ သူ့ဇာတ်တော့ တိုက်လို့ဟေ့။ တောက လူတွေကလည်း သူရွတ်ပြတဲ့ ဥပဒေတွေကို လေးစား နားထောင်ကြတာ ကွ။ စိုးနီကတော့ ပက်လက်ကုလားထိုင်ပေါ် ထိုင်ရင်း အရက်ကလေး သောက် လိုက်၊ ဝက်အူချောင်းလေး ခက်ရင်းနဲ့ ထိုးစားလိုက်၊ ဒူးယားစီးကရက်လေး ခွာလိုက်ပြီ

`ခု သူက ဘာအလုပ်လုပ်နေလဲ”

“သူ့အဖေ ဦးဘိုနီ သေသွားတော့ သူ့အနေရာပေါ့။ တရားရုံးမှာ လောက်ရွားရေး ကွာ။ ကေ ပူးတွေက သူ့ကို ဗဟိုတရားရုံး ရှေ့နေလောက် ထင်နေတာ”

“သူကလည်း အဲဒီ ပက်လက်ကုလားထိုင်ကြီးပေါ် ထိုင်ပြီး ဘီအီးစီ တစ်ဆယ်ဖိုးသောက်ရတာ ရန်ကုန်က ဟိုတယ်တက်ရသလို ဂုဏ်ယူနေတာဗျ။ မင်းကြည့်ပါလား သူ့ပုံကို

အစ်ကိုပြောတာ ဟုတ်တယ်။ စိုးနီက အရက်ကလေး သောက်လိုက်၊ ဝက်အူချောင်းလေး စားလိုက်၊ ဘေးဝိုင်းက တောသားတွေကို ဥပဒေအကြောင်း ပြောလိုက်၊ လက်နှစ်ဖက်ကွေးပြီး ခေါင်းခု ပက်လက်လှန်လိုက်နဲ့ အတော် သဘောကျနေပုံ ရတယ်။ ပဲနော်”

“လင်း ရိုးနီလည်း သူ့အဖေလို တာ

“သူ့အဘိုးလို့ ပြောပါကွာ။ သူ့အဘိုးအမွေ သူ့အဖေ ဦးဘိုနီက ရပြီး

ဦးဘိုနီအမွေ စိုးနီရတာပဲ။ ကျိတိတ်တို့ကတော့ မျိုးစဉ်ဘောင်ဆက် ဖောက်သည်ရတာပဲကွ

“အဲဒီကုလားထိုင်ကြီးပေါ်မှာပဲနော်” ကျွန်တော်က စိုနီကို လှမ်းကြည့်ရင်း သစ်တို့ကို ပြန်ပြောပြတော့

အစ်ကို ပြုံးတယ်။

ပြီးတော

“အဲဒီ လက်လက်ကုလားထိုင်ကြီးပေါ်ကို မကြာခင် ဖောက်သည် အသစ် ကလေးတစ်ယောက် ရောက်လာတော့မယ်လေကွာ။ စိုးနီသားလေ။ ငါ့သားနဲ့ ရွယ်တူပဲ။ ခုဆို ကျောင်းပြေးပြီး ထန်းရည်တွေ ဘာတွေတောင် သောက်တတ် နေပြီ”တဲ့။

အောင်ကျော်တိုး ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၃၈၊ ဒီဇင်ဘာလ၊ ၁၉၉၂

Be the first to comment

Leave a comment

Your email address will not be published.


*