Sports

အုပ်စုမှထွက်ခွာခဲ့ရပြီးနောက် ဘယ်လ်ဂျီယံနည်းပြရာထူးမှ နှုတ်ထွက်သွားတဲ့မာတီနက်ဇ်

ကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက်ရွှေရောင်မျိုးဆက်များဖြင့်ဖွဲ့စည်းထားတဲ့ ဘယ်လ်ဂျီယံနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ဟာ ထူးမှနှုတ်ထွက်သွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာမနေ့ညတုန်းက၂၀၁၈ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ခရိုအေးရှားနှင့်ဂိုးမရှိသရေကျပြီးနောက်အုပ်စုအဆင့်မှထွက်ခွာခဲ့ရပါတယ်။ ပွဲအပြီးတွင်မာတီနက်ဇ်က “ဒီပွဲကျွန်တော့်ရဲ့လက်ရွေးစင်အသင်းနဲ့နောက်ဆုံးပွဲပါ”လို့ပြောကြားသွားပါတယ်။ ဝီဂန်နှင့်အဲဗာတန်နည်းပြဟောင်းမာတီနက်ဇ်ဟာ၂၀၁၆ခုနှစ်နွေရာသီကတည်းကဘယ်လ်ဂျီယံအသင်းကိုကိုင်တွယ်လာခဲ့သူဖြစ်ပါတယ်။ သူဟာဘယ်လ်ဂျီယံအသင်းကို၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကတတိယရရှိအောင်ဦးဆောင်ခဲ့ပါတယ်။ ဒါ့အပြင်မာတီနက်ဇ်ဦးဆောင်တဲ့ကာလအတွင်းတွင်ဘယ်လ်ဂျီယံအသင်းဟာဖီဖာကမ္ဘာ့အဆင့်တွင်၂နှစ်ကျော်ကြာနံပါတ်တစ်နေရာတွင်ရပ်တည်နိုင်ခဲ့ပြီးလက်ရှိအချိန်တွင်လည်းဘရာဇီးအောက်ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ၂၀၂၂ကာတာကမ္ဘာ့ဖလားကတော့ အသင်းကြီးတွေတဖြုတ်ဖြုတ်​ ကြွေလွှင့်တဲ့ နှစ်တစ်ခုပဲဖြစ်ပါတယ်။  

Sports

ချန်ပီယံဖြစ်ဖို့ဆိုရင်လမ်းကြောင်းပေါ်လာရှုပ်နေတဲ့ဘယ်အသင်းမဆိုအမုန်းကြိတ်ပြစ်မယ်ဆိုတဲ့စပိန်နည်းပြ

စပိန်အသင်းရဲ့ သမိုင်းစာအုပ်ထဲမှာ မှတ်တမ်း သစ်တစ်ခု ရေးထိုးဖို့အတွက်ကမ္ဘာ့ဖလားချန်ပီယံဆုရဖို့ ဆိုရင် ကိုယ့်ရှေ့မှာလာပြီး အတားအဆီးလုပ်နေတဲ့ အသင်းတွေအကုန်လုံးကို ရန်သူလိုသဘောထားပြီးအလဲထိုးအသေသတ်ကျော်ဖြတ်သွားရမှာ ဖြစ်တယ်လို့ စပိန် နည်းပြ လူးဝစ်အင်းနရစ်က ပြောဆိုလိုက်ပါတယ်။ စပိန်ဟာ…

Sports

ဖီဖာရဲ့စည်းမျဥ်းချိုးဖောက်မှုကြောင့်စုံစမ်းစစ်ဆေးခံနေရတဲ့ ဆီနီဂေါ

အီကွေဒေါကိုအနိုင်ရရှိပြီးအုပ်စုအဆင့်မှ တက်ရောက်ခဲ့ပြီးနောက် ဆီနီဂေါအသင်းဟာ ဖီဖာစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မှုကြောင့် စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။ အလူဆစ်စီရဲ့ဆီနီဂေါဟာအုပ်စုနောက်ဆုံးပွဲတွင်အီကွေဒေါကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာ ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့တွင်အင်္ဂလန်နှင့်ရင်ဆိုင် ကစားရပါမယ်။ ဒါပေမဲ့၎င်းတို့ဟာအီကွေဒေါကိုအနိုင်ရတဲ့ပွဲမတိုင်မီဖီဖာစည်းမျဉ်းချိုးဖောက်မှုနှင့်အတူဒဏ်ရိုက်ခြင်းခံလာရဖို့ရှိနေပါတယ်။ ဖီဖာရဲ့စည်းမျဉ်းအရပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့နည်းပြအပြင်ကစားသမားတစ်ဦးပါတက်ရောက်ရပါမယ်။ ဆစ်စီဟာပထမပွဲနှစ်ပွဲတုန်းကကစားသမားတစ်ဦးစီခေါ်ယူပြီးသတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့ပေမဲ့အီကွေဒေါနှင့်ပွဲမတိုင်မီမှာတော့တစ်ဦးတည်းတက်ရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်းဖီဖာကဆီနီဂေါအသင်းရဲ့စည်းကမ်းချိုးဖောက်မှုကိုစစ်ဆေးမှုပြုလုပ်နေကြောင်းကြေညာလာပါတယ်။ ဆီနီဂေါဟာပေါင်၈၈၀၀ဒဏ်ရိုက်ခြင်းခံလာရဖို့ရှိနေပါတယ်။ဂျာမနီဟာလည်းစပိန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့ကစားသမားခေါ်ဆောင်လာခြင်းမရှိမှုကြောင့်ပေါင်၈၈၀၀ဒဏ်ရိုက်ခံခဲ့ရပြီးဖြစ်ပါတယ်။…

Sports

ဒိန်းမတ်ကိုသရေကစားမှာမဟုတ်ပဲအုပ်စုကဖြတ်ချခဲ့ဖို့လာမှာဆိုတဲ့ သြဇီနည်းပြ

မိမိတို့အသင်းဟာ ဒိန်းမတ်အသင်းနဲ့ပွဲကို သရေကန်ဖို့ လာမှာမဟုတ်ပဲ အုပ်စုကဖြုတ်ချခဲ့ဖို့လာမှာဖြစ်တယ်လို့ သြစတေးလျ နည်းပြဂရေဟမ်အာနိုးလ်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။ သြစတြေးလျအသင်းဟာ တူနီးရှားက ပြင်သစ်ကို မနိုင်ခဲ့ရင် ဒိန်းမတ်အသင်းကို သရေကန်ယုံနဲ့ ၁၆…

Sports

အဂ်လန်အသင်းဟာ အခုမှပြိုင်ပွဲစမှာလို့ လေတိုက်လိုက်တဲ့ဆောက်ဂိတ်

အဂ်လန်အသင်းဟာအိမ်နီးချင်းပြိုင်ဘက်ဝေးလ်ကိုအနိုင်ရပြီး ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်တာကြောင့် အခုမှ တကယ့် လုပ်ငန်းကြီးတွေစပြီး လုပ်ရတော့မယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလေတိုက်လိုက်ပါတယ်။ အင်္ဂလန်ဟာ အင်္ဂါညက ကစားခဲ့တဲ့ဝေးလိနဲ့ ပွဲစဉ်မှာ…

Sports

နေမာယောင်ဆောင်ပြီးလုံခြုံရေးနဲ့ပရိတ်သတ်တွေကိုဖမ်းစားသွားတဲ့ငနဲ

မနေ့ညကယှဥ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ဆွစ်ဇာလန် ပွဲစဉ်မှာတော့ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေဟာ ပွဲကြည့်စင်ပေါ်မှာ ဘရာဇီးလ်တိုက်စစ်မှူးနေမာကို မြင်တွေ့ခဲ့ရလို့ အရူးအမူးဖြစ်ခဲ့ကြရပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ နေမာက အသင်းပွဲစဉ်ကို လာရောက်ကြည့်ရှုတယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြတာပါ။…

Sports

မော်ရိုကိုအားရှုံးနိမ့်ပြီးနောက်ထိတ်လန့်ဖွယ်အကြမ်းဖက်မှုတွေပြုလုပ်ခဲ့ကြတဲ့ ဘယ်လ်ဂျီယံပရိတ်သတ်များ

ဘယ်လ်ဂျီယံအသင်းက မော်ရိုကိုအသင်းကို နှစ်ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော်ဘရပ်ဆဲလ်မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့က အနည်းဆုံး လူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ထားခဲ့ရပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနဲ့…

Sports

ကမ္ဘာ့ဖလားလိုချင်ရင်ကစားသမားသုံးယောက်ကိုလုံးဝမသုံးသင့်ကြောင့်ဝိန်းရွန်နီအကြုံပေး

ဂါရက်ဆောက်ဂိတ် အနေနဲ့ လာမည့် အင်္ဂါနေ့ ဝေးလ်နဲ့ ကစားရမယ့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ကစားသမား ၃ ဦးကိုလုံးဝမသုံးပဲ အပြောင်းအလဲ လုပ်သွားသင့်တယ်လို့ ဆိုလိုက်ပြီး…

Sports

မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားပေမဲ့ နောက်ဆုံးထိတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ဂျာမနီနည်းပြ

နာမည်ကျော်ဂျာမနီအသင်းဟာ စပိန် အသင်းနဲ့ တစ်ဂိုးစီ သရေကျပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်ဖို့အတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်က လက်ထဲမှာ မရှိတော့ပေမဲ့လည်း ဂျာမနီနည်းပြဟန်ဆီဖလစ်က နောက်ဆုံး…

Sports

နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆင်ဟမ်ကိုခေါ်ယူဖို့ပြင်ဆင်နေတဲ့မန်ချက်စတာယူနိုက်တက်

အဲရစ်တန်ဟတ်ခေါင်းစားနေတဲ့ ​တိုက်စစ်မှူးနေရာအတွက် မန်ချက်စတာယူနိုက်တက်ဟာ နာပိုလီရဲ့ ဗစ်တာအိုဆင်ဟမ်ကို လိုက်နေတယ်ဆိုတာသေချာသွားခဲ့ပြီး ဇန်နဝါရီအတွက် ကမ်းလှမ်းချက်မှာတော့ အလုပ်မဖြစ်သေးပါဘူး။ နာပိုလီတိုက်စစ်မှူးဟာ ယူနိုက်တက်ကိုပြောင်းရွှေ့ ဖို့ချိတ်ဆက်နေတယ်လို့ အီတလီဂျာနယ်လစ်တစ်ယောက်က အတည်ပြုပေးခဲ့ပြီး လာမယ့်နွေဈေးကွက်မှာ ဖြစ်လာလိမ့်မယ်လို့…